မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့တွင် တည်ရှိသော အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ်(၇/၂၀၁၅)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်းနှင့် ဒေါက်တာ ဒေါ်သန်းနွဲ့တို့သည် ကော်မရှင်ရုံးဝန်ထမ်း ဒေါက်တာဇေယျာစိုး (လက်ထောက်ညွှန်ကြား ရေးမှူး) လိုက်ပါလျက် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့တွင် တည်ရှိသော အကျဉ်းထောင်အား ၇-၅-၂၀၁၅ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် စာရင်းဇယားများအား ဖတ်ရှုလေ့လာခြင်း၊ အိပ်ဆောင်များ အတွင်း ကြည့်ရှုစစ်ဆေးခြင်းနှင့် အကျဉ်းသား၊ အချုပ်သားအချို့တို့အား တစ်ဦးချင်း သီးခြားတွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ ပါသည်။

၃။      စစ်ဆေးတွေ့ရှိချက်များမှာ-

(က)    အကျဉ်းသား/အချုပ်သား ဝင်ဆံ့မှုထက် ကျော်လွန်၍ လက်ခံနေရကြောင်း တွေ့ရှိရ ပါသည်။

( ခ)    ဆေးခန်းတွင် လူနာတင် ကုတင်များ မရှိကြောင်း တွေ့ရှိရပါသည်။

( ဂ)    နှစ်ကြီးအကျဉ်းသားများကို ထားရှိရမည့် တိုက်ခန်းအတွင်းရှိ ရေလောင်းအိမ်သာ များတွင် အကာအရံများ မရှိကြောင်း တွေ့ရှိရပါသည်။

(ဃ)    “ဂ”အဆင့်အကျဉ်းထောင်ဖြစ်သော်လည်း ပြစ်ဒဏ် ၁၀ နှစ်အထက် ကျော်လွန်သော အကျဉ်းသားများအား လက်ခံထိန်းသိမ်းနေရကြောင်း တွေ့ရှိရပါသည်။

( င)    ဇာတိရပ်ရွာနှင့် ဝေးကွာလွန်းသောအကျဉ်းသား ၂ ဦးအား တွေ့ရှိရပါသည်။

( စ)    အကျဉ်းသားအိပ်ဆောင်များသည် မိုးရာသီကာလတွင် မိုးပက်ရာမှ အိပ်ဆောင် အတွင်းသို့ မိုးရေ ဝင်ရောက်နိုင်ကြောင်း တွေ့ရှိရပါသည်။

(ဆ)    နှစ်ကြီးအကျဉ်းသူများကို ထားရှိရမည့် တိုက်ခန်း ၂ ခန်းတွင် ရေလောင်းအိမ်သာ၊ ရေချိုးကန်နှင့် စင်္ကြန်များ မရှိကြောင်း တွေ့ရှိရပါသည်။

( ဇ)   ဖွဲ့စည်းပုံအရခန့်အပ်ရမည့် လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ လို အပ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။

(ဈ)     အချုပ်ကာလ ၆ လထက် ကျော်လွန်နေသော အချုပ်သား ၂ ဦးအား တွေ့ရှိရပါသည်။

(ည)   မီးဖိုကြီးတွင် သမရိုးကျသံတိုင်ကီများဖြင့် ထမင်းချက်ပြုတ်နေကြောင်း တွေ့ရှိရပါ သည်။

( ဋ)    တရားစခန်းနှင့် အသက်မွေးဝမ်းကျောင်းမှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်သင် ကြားပေးခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

( ဌ)    အသက် ၇၀ နှစ်အထက်ကျော်လွန်သော သက်ကြီးရွယ်အို အကျဉ်းသား/အချုပ်သား ၅ ဦးအား တွေ့ရှိရပါသည်။

(ဍ)     အကျဉ်းသားအိပ်ဆောင်၊ အိပ်ဆောင်ပတ်ဝန်းကျင်နှင့် အိမ်သာများ သန့်ရှင်းမှုရှိ ကြောင်း တွေ့ရှိရပါသည်။

( ဎ)    အကျဉ်းသားအိပ်ဆောင်များအတွင်းရှိ ကွပ်ပျစ်များတွင် ဖယောင်းပုဆိုးများ ခင်း ကျင်းထားကြောင်း တွေ့ရှိရပါသည်။

(ဏ)   သန့်ရှင်းသော သောက်ရေနှင့် သုံးရေ အလုံအလောက်ရရှိကြောင်း တွေ့ရှိရပါသည်။

(တ)    အကျဉ်းထောင်အတွင်း စည်းကမ်းဖောက်ဖျက်ကျူးလွန်သူများမရှိကြောင်း တွေ့ရှိရ ပါသည်။

(ထ)    အကျဉ်းသားများ၏ ကိုယ်ရေးရာဇဝင်အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင် သိမ်းဆည်းထားနိုင်ကြောင်းနှင့် လိုအပ်သည့်အချက်အလက်၊ စာရင်း ဇယားများအား ပြည့်စုံလျှင်မြန်စွာ ထုတ်ယူကြည့်ရှုနိုင်ကြောင်း တွေ့ရှိရပါသည်။

( ဒ)    အဝတ်လျှော်ဆပ်ပြာများ သတ်မှတ်စကေးအတိုင်း အလုံအလောက် ရရှိကြောင်း တွေ့ရှိရပါသည်။

( ဓ)    လွတ်လပ်ရေးနေ့နှင့် အကျဉ်းဦးစီးဌာန နှစ်ပတ်လည်နေ့များ၌ ပျော်ပွဲရွှင်ပွဲနှင့် အား ကစားပြိုင်ပွဲများ ပြုလုပ်ပေးကြောင်း တွေ့ရှိရပါသည်။

( န)    အကျဉ်းသား/အကျဉ်းသူအိပ်ဆောင်တိုင်းတွင် TV များရှိပြီး ညစဉ် ၉ နာရီအထိ ကြည့်ရှုနိုင်ကြောင်း တွေ့ရှိရပါသည်။

( ပ)    စာကြည့်တိုက် ဖွင့်လှစ်ထားသော်လည်း စာအုပ်စာတမ်းများ နည်းပါးကြောင်း တွေ့ရှိ ရပါသည်။

( ဖ)    အခါအားလျော်စွာ အကျဉ်းသားများ ကျူးလွန်ခဲ့သော ပြစ်မှုများနှင့် ပတ်သက်၍ ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ကြောင်း တွေ့ရှိရပါသည်။

( ဗ)    ဝေးလံသောအရပ်ဒေသမှ တစ်ခါတစ်ရံ ထောင်ဝင်စာ လာရောက်တွေ့ဆုံသူများအား ငဲ့ညှာသောအားဖြင့် အချိန်ပိုပေး၍ တွေ့ဆုံခွင့်ပြုကြောင်း တွေ့ရှိရ ပါသည်။

(ဘ)    တပို့တွဲလပြည့်နေ့၌ ထမနဲ ထိုးကြောင်း၊ သင်္ကြန်အတွင်း၌ ရေပက်ကစားကြကြောင်း၊ နှစ်ဆန်း(၁)ရက်နေ့၌ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ကြကြောင်း တွေ့ရှိပါသည်။

( မ)    အကျဉ်းသူ/အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု မရှိကြောင်း တွေ့ရှိရပါသည်။

(ယ)    အကျဉ်းသားဝတ်စုံ၊ စောင်နှင့် ဖိနပ်များ ပြည့်စုံစွာရှိကြောင်း တွေ့ရှိရပါသည်။

( ရ)    ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်များက အခါအားလျော်စွာ အကျဉ်းသားများအား လာ ရောက်ကြည့်ရှုကုသမှု ပြုလုပ်ကြောင်း တွေ့ရှိရပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုတိုက်တွန်းချက်များ

၄။      မိုင်းဆတ်အကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်သင့်ကြောင်း အကြံ ပြုတိုက်တွန်းအပ်ပါသည်-

(က)    အကျဉ်းသား/အချုပ်သား ဝင်ဆံ့မှုထက် ကျော်လွန်၍ လက်ခံနေရသည့်အတွက် အိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်သင့်ပါသည်။

( ခ)    ဆေးခန်းတွင် လူနာတင် ကုတင်များ ထားရှိသင့်ပါသည်။

( ဂ)    နှစ်ကြီးအကျဉ်းသားများကို ထားရှိမည့်တိုက်ခန်းအတွင်းရှိ ရေလောင်းအိမ်သာများ တွင် ဒူးပိတ်အကာအရံများ ထားရှိသင့်ပါသည်။

(ဃ)    အကျဉ်းထောင်အဆင့် သတ်မှတ်ချက်နှင့်အညီ အကျဉ်းသားဦးရေနှင့် ပြစ်ဒဏ်သတ် မှတ်ချက်အတိုင်းသာ ထားရှိသင့်ပါသည်။

( င)    ဇာတိရပ်ရွာနှင့် ဝေးကွာလွန်းသောအကျဉ်းသားများအား နီးစပ်ရာအကျဉ်းထောင်များ သို့ ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ပေးသင့်ပါသည်။

( စ)    အကျဉ်းသားအိပ်ဆောင်များတွင် မိုးရာသီကာလ၌ အိပ်ဆောင်အတွင်းသို့ မိုးရေ မပက်နိုင်စေရန် ကဲလားများ တပ်ဆင်ပေးသင့်ပါသည်။

(ဆ)    နှစ်ကြီးအကျဉ်းသူများကို ထားရှိမည့် တိုက်ခန်း ၂ ခန်းတွင် ရေလောင်းအိမ်သာ၊ ရေချိုးကန်နှင့် စင်္ကြန်များ တည်ဆောက်ပေးသင့်ပါသည်။

( ဇ)    လစ်လပ်လျှက်ရှိသော လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်း ခန့်အပ်နိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဈ)    အချုပ်ကာလ ၆ လထက် ကျော်လွန်နေသော အချုပ်သားများအား အမြန်ဆုံးစစ်ဆေး စီရင်နိုင်ရေး တရားရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။

(ည)   မီးဖိုကြီးတွင် အဆင့်မီစတီးပေါင်းအိုးများဖြင့် ချက်ပြုတ်နိုင်ရေး ဆောင်ရွက်သင့်ပါ သည်။

( ဋ)    တရားစခန်းနှင့် အသက်မွေးဝမ်းကျောင်းမှုပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင် ရွက်သင့်ပါသည်။

( ဌ)    သက်ကြီးရွယ်အိုနှင့် ရှေ့နေမငှါးနိုင်သောအချုပ်သားများ ထောင်ကျလာပါက အတွင်း အယူခံနှင့် အယူခံများ အမြန်ဆုံးဝင် ရောက်နိုင်ရေး ကူညီဆောင်ရွက်သင့်ပါသည်။

     မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်