ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တည်ရှိသော အကျဉ်းထောင်၊ တရားရုံးအချုပ်ခန်း၊ ရဲအချုပ်ခန်းနှင့် ပြည်သူ့ဆေးရုံအချုပ်တို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် ( ၃/၂၀၁၆)

       မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် ( ၃/၂၀၁၆)

၁။      ကယားပြည်နယ်၊ လွိင်ကော်မြို့တွင် တည်ရှိသော အကျဉ်းထောင်၊ တရားရုံးအချုပ်ခန်း၊ ရဲအချုပ်ခန်းနှင့် ပြည်သူ့ဆေးရုံအချုပ်တို့ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ဒေါ်မြမြတို့သည် ကော်မရှင်ရုံးဝန်ထမ်း ၂ ဦး လိုက်ပါလျက် ၉-၃-၂၀၁၆ နေ့မှ ၁၁-၃-၂၀၁၆ ရက်နေ့အထိ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား ၂၀ဦး၊ အကျဉ်းသူ ၉ဦး၊ အချုပ်သား ၅ဦး၊ အချုပ်သူ ၂ဦးတို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ

၂။      အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိရပါသည်-

(က)    လွိုင်ကော်အကျဉ်းထောင်

(၁)     အကျဉ်းသား တစ်ဦးလျှင် အနိမ့်ဆုံး ၁၈ စတုရန်းပေဖြင့် အကျဉ်းသား ၄၀၉ ဦး သာ ထားရှိသင့်သော်လည်း လက်ရှိအကျဉ်းသူ / အကျဉ်းသား ၅၁၈ ဦး ဖြစ်နေသည့်အတွက် ကျပ်တည်းနေပါသည်။

(၂)     ဝန်ထမ်းဖွဲ့စည်းပုံအရ လက်ထောက်ဆရာဝန်တစ်ဦး လိုအပ်နေပါသည်။

(၃)     အကျဉ်းထောင်တွင်းသုံးစွဲသည့် ချိုးရေနှင့်သုံးရေကို ဘီးလူးချောင်းမှ တိုက်ရိုက် စုပ်တင် အသုံးပြုနေသည့်အတွက် အနည်နှစ်များ တွေ့ရှိရပါသည်။

(၄)     နေသား ၁၄ နှစ် ကျော်လွန်နေသော အကျဉ်းသား ခုနှစ်ဦး တွေ့ရှိရပါသည်။

(၅)     အချို့အကျဉ်းသားများ၏ အိမ်ထောင်စုစာရင်းပါ မိသားစုဝင်များ အားလုံး ကွယ်လွန်သွားပြီဖြစ်၍ ကျန်ရစ်သူဆွေမျိုးများမှ ထောင်ဝင်စာ လာရောက် တွေ့ဆုံရာတွင် အခက်အခဲများရှိကြောင်း သိရှိရပါသည်။

(၆)     အချို့အကျဉ်းသူများ၌ အမျိုးသမီးလစဉ်သုံးပစ္စည်းများ မရှိသဖြင့် မသင့်လျော် သည့် အဝတ်စများကို သုံးစွဲနေရကြောင်း သိရှိရပါသည်။

(ခ)     လွိုင်ကော်တရားရုံးအချုပ်ခန်း

(၁)     ကျားအချုပ်ခန်းဝင်ပေါက်မှာ အမြင့် ၂ပေခွဲ၊ အကျယ် ၂ပေရှိပြီး မအချုပ် ခန်း ဝင်ပေါက်မှာ အမြင့် ၃ပေ၊ အကျယ် ၂ပေခွဲသာရှိသဖြင့် ဆောင့်ကြောင့် ထိုင်မှ ဝင်၍ရပါသည်။

(၂)     အချုပ်သူ/သား အားလုံး အပေါ့စွန့်ရာ၌ ပုံးဖြင့်စွန့်ရသဖြင့် နံစော်နေ ကြောင်း၊ အမှိုက်များ ရှုပ်ပွနေကြောင်း တွေ့ရှိရပါသည်။

(၃)     အချုပ်ခန်းအကျယ်အဝန်းနှင့် အချုပ်သားဦးရေ မမျှတသဖြင့် ကျပ်တည်း နေကြောင်း တွေ့ရှိရပါသည်။

(ဂ)     လွိုင်ကော်မြို့မ ရဲအချုပ်ခန်း

(၁)     အချုပ်ခန်းဝင်ပေါက်အကျယ်အဝန်းမှာ အမြင့် ၃ပေ ၂လက်မ၊ အကျယ် ၂ပေ ၁၁လက်မသာရှိ၍ ဆောင့်ကြောင့်ထိုင်မှ ဝင်၍ရကြောင်း တွေ့ရှိရပါသည်။

(၂)     သုံးရေများထားရှိသည့် ရေပုံးမှာ ညစ်ပတ်နေကြောင်း၊ အချုပ်ခန်းထောင့် နံရံ များတွင် ကွမ်းတံတွေးများ၊ အမှိုက်သရိုက်များတွေ့ရှိရပြီး အနံ့အသက် မကောင်း မွန်ကြောင်း တွေ့ရှိရပါသည်။

(ဃ)    လွိုင်ကော်ပြည်သူ့ဆေးရုံအချုပ်ခန်း

(၁)     ကျား/မ လူနာများကို သီးသန့်ခွဲမထားဘဲ ရောနှောထားရှိမည်ဟု သိရှိရ ပါသည်။

(၂)     အိမ်သာနှင့် ရေချိုးခန်းမှာ ကျား/မ ခွဲခြားထားမှုမရှိကြောင်းနှင့် သန့်ရှင်းမှု မရှိ ကြောင်း တွေ့ရှိရပါသည်။

အကြံပြုတိုက်တွန်းချက်များ

၃။      အကြံပြုတိုက်တွန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   လွိုင်ကော်အကျဉ်းထောင်

(၁)     အကျဉ်းသားအင်အား များပြားကျပ်တည်းသဖြင့် အကျဉ်းသားအိပ် ဆောင်များ၊ တိုးချဲ့ဆောက်လုပ်သင့်ပါသည်။

(၂)    လက်ထောက်ဆရာဝန်တစ်ဦးခန့်အပ်ခွင့်ရရှိရေး ဆောင်ရွက်သင့်ပါသည်။

(၃)     အကျဉ်းထောင်တွင်းသုံးစွဲသည့်ရေမှာ ဘီးလူးချောင်းမှ တိုက်ရိုက်စုပ် တင်ရာတွင် အနည်အနစ်များပါရှိသည့်အတွက် ရေစစ်ကန်တည် ဆောက်သင့်ပါသည်။

 

(၄)     နေသား ၁၄ နှစ် ကျော်လွန်နေသော အကျဉ်းသား ခုနှစ် ဦး၏ ပြစ်ဒဏ် နှင့်စပ်လျဉ်း၍ အကျဉ်းထောင်လက်စွဲနှင့်အညီ ဆောင်ရွက်ပေး သင့်ပါသည်။

(၅)     ထောင်ဝင်စာတွေ့ဆုံမှုနှင့်စပ်လျဉ်း၍ တင်းကျပ်သော စည်းကမ်းချက် များကို ဖြေလျော့ပေးသင့်ပါသည်။

(၆)     အကျဉ်းသူများအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ခ)     လွိုင်ကော်တရားရုံးအချုပ်ခန်း

(၁)     အချုပ်ခန်းဝင်ပေါက်များကို လူတစ်ရပ်အမြင့်ထိ တိုးချဲ့ဖေါက်လုပ် သင့် ပါသည်။

(၂)     အချုပ်ခန်းအတွင်း၌ လုံခြုံသန့်ရှင်းသော အိမ်သာများ ထားရှိသင့်ပါ သည်။

(၃)     နေ့စဉ်ချုပ်နှောင်နေရသော အချုပ်သားဦးရေနှင့် ဝင်ဆံ့သည့် အချုပ်ခန်းများ တိုးချဲ့တည်ဆောက်သင့်ပါသည်။

(ဂ)     လွိုင်ကော်မြို့မရဲအချုပ်ခန်း

(၁)     အချုပ်ခန်းဝင်ပေါက်များကို လူတစ်ရပ်အမြင့်ထိ တိုးချဲ့ဖေါက်လုပ်သင့် ပါ သည်။

(၂)     အချုပ်ခန်းအတွင်း အလင်းရောင်၊ လေဝင်လေထွက်နှင့် သန့်ရှင်းမှု ကောင်းမွန်ရေး ဆောင်ရွက်သင့်ပါသည်။

(ဃ)    လွိုင်ကော်ဆေးရုံအချုပ်ခန်း

                (၁)     ကျား/မ လူနာများကို သီးခြားအခန်းဖြင့် ခွဲခြားထားရှိသင့်ပါသည်။

(၂)     ကျား/မ လူနာများအတွက် အိမ်သာနှင့် ရေချိုးခန်းကို ခွဲခြားထားရှိ သင့်ပါ သည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။          ၁၇- ၃ -၂၀၁၆