မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာ၊ နွားမယံ ရွာဦးကျောင်းတိုက်တွင် ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသခံ ရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၀၃) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲများတွင် ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ထူးက လူ့အခွင့် အရေး အခြေခံအယူအဆများကိုလည်းကောင်း ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးအောင်ကောင်းမြတ်က ကလေးသူငယ် အခွင့်အရေးများကို လည်းကောင်း၊ Educator ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကို လည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက် လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ နာဂမုနိဘုရားကြီးဓမ္မာရုံတွင် ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသခံ ရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာ၊ အေးသီတာရွာကျောင်းတိုက်တွင် ဆွေးနွေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲများတွင် ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ထူးက လူ့အခွင့် အရေး အခြေခံအယူအဆများကိုလည်းကောင်း ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးအောင်ကောင်းမြတ်က ကလေးသူငယ် အခွင့်အရေးများကို လည်းကောင်း၊ Educator ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကို လည်းကောင်း၊ ကော်မရှင် ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက် လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် (၀၈:၃၀) နာရီမှ (၁၁:၃၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ အနောက်တောင်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး အစည်းအဝေးခန်းမ ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ ရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်ကျေးရွာ၊ စိုက်ပျိုးရေးအထွက်တိုးစခန်းတွင် ဆွေးနွေးဟောပြော ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၈၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူ အဆများကို လည်းကောင်း ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးအောင်ကောင်းမြတ်က ကလေးသူငယ်အခွင့်အရေးများကို လည်းကောင်း၊ Educator ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကို လည်းကောင်း၊ ကော်မရှင် ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။

70908128_976698169328474_7679431577134170112_n70326276_499043097541688_8669575711008227328_n 70523482_1901233420022162_4739655599803858944_n 70540809_909471699427437_621173676842156032_n70704508_748549058890179_370084154936655872_n

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ဌာနဆိုင်ရာ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သကဲ့သို့ ရပ်ရွာအတွင်းရှိ ပြည်သူလူထုများအကြား ပျံ့နှံ့ရောက်ရှိစေ ရေးအတွက် လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါ သည်။ လူ့အခွင့်အရေးကို ဆောင်ကြဉ်ပေးရမည့် တာဝန်ရှိသူများအနေဖြင့် လက်တွေ့လုပ်ငန်း နယ်ပယ်တွင် လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ဌာနဆိုင်ရာ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ မန်းမြန်မာ ဟိုတယ်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၃ ရက်တာ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အသီးသီးမှ အရာရှိကြီးများနှင့် အရာထမ်း စုစုပေါင်း ၄၅ ဦး တက်ရောက်ကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဦးညွန့်တင်နှင့် ကော်မရှင်အရာထမ်းများ၊ လူမှုဝန်ထမ်းဦးစီဌာနနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့တို့မှ တာဝန်ရှိသူများက လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မသန်စွမ်းသူများအခွင့် အရေးတို့ အပါအဝင် လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေး၊ SDGs and Human Rights စသည့် ဘာသာရပ်များကိုပါ ထည့်သွင်းမြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ဌာနဆိုင်ရာ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သကဲ့သို့ ရပ်ရွာအတွင်းရှိ ပြည်သူလူထုများအကြား ပျံ့နှံ့ရောက်ရှိစေ ရေးအတွက် လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါ သည်။ လူ့အခွင့်အရေးကို ဆောင်ကြဉ်ပေးရမည့် တာဝန်ရှိသူများအနေဖြင့် လက်တွေ့လုပ်ငန်း နယ်ပယ်တွင် လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ဌာနဆိုင်ရာ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ မန်းမြန်မာ ဟိုတယ်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၃ ရက်တာ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အသီးသီးမှ အရာရှိကြီးများနှင့် အရာထမ်း စုစုပေါင်း ၄၅ ဦး တက်ရောက်ကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဦးညွန့်တင်နှင့် ကော်မရှင်အရာထမ်းများ၊ လူမှုဝန်ထမ်းဦးစီဌာနနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့တို့မှ တာဝန်ရှိသူများက လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မသန်စွမ်းသူများအခွင့် အရေးတို့ အပါအဝင် လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေး၊ SDGs and Human Rights စသည့် ဘာသာရပ်များကိုပါ ထည့်သွင်းဆွေးနွေးသွားခဲ့ပါသည်။ ဆွေးနွေးသွားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၀၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၊ မြို့နယ်ခန်းမတွင် ဆွေးနွေးဟောပြော ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း (၈၇) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆများကိုလည်းကောင်း ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦး ဖြစ်သူ ဦးအောင်ကောင်းမြတ်က ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ Educator ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကို လည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။

69829599_2319831921590674_8970940870245220352_n 70501994_2416535198672986_2225799997230678016_n70117690_383526538993731_8225235656037629952_n 70250611_2375467652718225_8751002406835191808_n  70503792_748504092262763_475804749157892096_n

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ် ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ်ရာထူးနေရာများအတွက် လူတွေ့/ လက်တွေ့ စာမေးပွဲ ကျင်းပပြုလုပ်မည်။

          ၆-၉-၂၀၁၉ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်၏ လစ်လပ်ရာထူးနေရာများတွင် ရေးဖြေ စာမေးပွဲ ဖြေဆိုခဲ့သူများအနက် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ၁၅-၉-၂၀၁၉ ရက်နေ့နှင့် ၁၆-၉-၂၀၁၉ ရက်နေ့များတွင် လူတွေ့/ လက်တွေ့ စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

စဉ် အမည် အဘအမည် ခုံနံပါတ် ဖြေဆိုရမည့်နေ့ရက်
ဒေါ်ထွန်းအိန္ဒြာကျော် ဦးနိုင်လင်းဖြိုး ၀၇၂ ၁၅−၉−၂၀၁၉
ဒေါ်သွယ်သွယ်ဇင်မြင့် ဦးမြင့်စိုးထွန်း ၀၄၂
ဒေါ်အိစန္ဒာထွန်း ဦးကျောက်ခဲ ၀၂၄
ဒေါ်အေးစန္ဒာမြင့် ဦးကျော်မြင့် ၀၃၆
ဦးလှိုင်ပြည့်ဖြိုး ဦးဝင်းဆောင် ၁၀၈
ဒေါ်အိအိငြိမ်း ဦးကြီးမြင့် ၀၃၀
ဦးကျော်ကိုကိုထိုက် ဦးစိုးမောင် ၀၀၆
ဒေါ်ဖြိုးသီရိဗိုလ် ဦးဗိုလ်ထွန်း ၀၄၈
ဦးရဲထက်အောင် ဦးကြည်ထွန်းအောင် ၀၅၄
၁၀ ဦးကောင်းခန့်ပြည့် ဦးကြည်စိန် ၀၉၀
၁၁ ဒေါ်မြင့်မြင့်စံ ဦးစောစံမျှော် ၀၆၈
၁၂ ဦးကောင်းခန့်ဇင် ဦးခင်မောင်တင် ၀၈၄
၁၃ ဒေါ်သက်သက်ထွေး ဦးတင်လှိုင် ၁၁၄
၁၄ ဒေါ်ပြည့်မွန်အောင် ဦးအောင်ချို ၀၁၉
၁၅ ဒေါ်ဝင်းသိင်္ဂီ ဦးထွန်းထွန်းကျော် ၀၆၀
၁၆ ဦးအာကာအောင် ဦးအောင်ချို ၁၀၂
၁၇ ဒေါ်စုလဲ့နန္ဒာ ဦးစိုးမြင့် ၀၆၉ ၁၆−၉−၂၀၁၉
၁၈ ဒေါ်ကျိန်ထွန်းဝုန် ဦးဇဲလ်ခန့်လျန် ၀၆၆
၁၉ ဦးဆေရယ်လ်နေလွင်ဝင်း ဦးသန်းဝင်း ၀၁၈
၂၀ ဒေါ်နန်းခမ်းဝါ ဦးသိဏ်းချစ် ၀၇၅
၂၁ ဦးစိုင်းစစ်မင်းသိန်း ဦးသိဏ်းချစ် ၀၆၇
၂၂ ဒေါ်ခင်ချိုဌေး ဦးဆန်းမောင် ၀၃၃
၂၃ ဦးကောင်းထွန်း ဦးဆန်းထွန်း ၀၁၂
၂၄ ဦးသူရလွင်

 

 

 

 

ဦးအောင်မျိုးဝင်း ၀၂၅
 

စဉ်

 

အမည်

 

အဘအမည်

 

ခုံနံပါတ်

 

ဖြေဆိုရမည့်နေ့ရက်

 
၂၅ ဒေါ်မေချိုကျော် ဦးကျော်ကျော် ၀၇၃ ၁၆−၉−၂၀၁၉  
၂၆ ဒေါ်ခင်မျိုးမြင့်ဝင်း ဦးဝင်းကြည် ၀၈၈  
၂၇ ဒေါ်ဆုစန္ဒီအောင် ဦးဟန်သိန်း ၀၈၃  
၂၈ ဦးရှုံးလောင်းကီး ဦးရှုံးလောင်း ၀၈၇  
၂၉ ဒေါ်ခိုင်ဇင်သက် ဦးစိုးနိုင်ဦး ၀၀၁  
၃၀ ဒေါ်ဆုပြည့်ထွန်း ဦးမျိုးမြင့်ဌေး ၀၃၄  
၃၁ ဒေါ်ကျော့ကေခိုင် ဦးစိုးနိုင် ၀၃၈  
၃၂ ဦးဇင်မင်းခန့် ဦးသိန်းနိုင်ဦး ၁၁၆  

လူတွေ့/ လက်တွေ့ စာမေးပွဲဖြေဆိုမည့်သူများသည် ယှဉ်တွဲဖော်ပြပါ နေ့ရက် နံနက် နံနက် (၀၉:၃၀) နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာ ဌာနသို့ လာရောက်သတင်းပို့ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဌာန ဖုန်း ၀၁-၆၅၄၆၇၀၊ ၀၁-၆၅၄၆၈၁၊ ၀၁-၆၅၄၆၈၄ (လိုင်းခွဲ ၈၀၁၊ ၈၃၆) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) သင်တန်းသားခေါ်ယူခြင်း

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့်အရေး အသိပညာ တိုးပွားစေရေး အတွက် ရည်ရွယ်၍ လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) ကို စက်တင်ဘာလမှစတင်၍ အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်-

          (က)    သင်တန်းကာလ။       ၂၇-၉-၂၀၁၉ ရက်နေ့မှ ၁၀-၁၀-၂၀၁၉ ရက်နေ့အထိ (ရုံးဖွင့်ရက်များသာ)၊

          (ခ)     သင်တန်းချိန်။           နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ၊

          (ဂ)     သင်တန်းသား အရေအတွက်။          (၅၀) ဦး။

၂။       သင်တန်းမှာ အခမဲ့ဖြစ်သော်လည်း သင်တန်းအထောက်အကူပြု စာရွက်စာတမ်းများအတွက် ကုန်ကျမှုကို သင်တန်းသား မှ ကျခံရမည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် ကော်မရှင်ရုံးသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ Online မှ လျှောက်ထားလိုသူများအနေဖြင့် https://docs.google.com/forms/d/1xSELHFmt5pSPpDv7HO31RRkew0b1jMvtFLFA7YNIRpA/edit website: www.mnhrc.org.mm နှင့် Facebook Page www.facebook.com/ myanmarnhrc မှသော်လည်းကောင်း ၁၀-၉-၂၀၁၉ ရက်နေ့မှ စတင်၍လျှောက်ထားနိုင်ပြီး လိုင်စင်ဓာတ်ပုံ (၂) ပုံ၊ မှတ်ပုံတင် မိတ္တူနှင့် စာရွက်စာတမ်းကြေး တစ်သောင်းကျပ်တိတိတို့ကို လျှောက်ထားပြီးသည်နှင့် တစ် ပြိုင်နက် လာရောက်ပေးသွင်း ရန်ဖြစ်ပါသည်။  သတ်မှတ်လူဦးရေပြည့်သည့် အထိသာ လျှောက်လွှာ များကို လက်ခံသွားမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၆၅၄၆၇၃၊ ၀၁-၆၅၄၆၈၁ (လိုင်းခွဲ ၈၃၁၊ ၈၄၈) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။