မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ် ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးချုပ်၏ ၁၂-၈-၂၀၁၉ ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် ဖော်ပြပါရှိသည့် ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ်ရာထူးနေရာများသို့ လျှောက်ထားသူများအား ၆-၉-၂၀၁၉ ရက် (သောကြာနေ့) နံနက် (၁၀:၀၀) နာရီတွင် ကော်မရှင်ရုံးက သတ်မှတ်ထားသည့် နေရာ၌ အောက်ဖော်ပြပါ ဘာသာရပ် များကို အရည်အချင်းစစ်ဆေးရေး ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
(က) လူ့အခွင့်အရေးသာသာရပ် ၂၀ မှတ်
(ခ) အင်္ဂလိပ်စာ ၁၅ မှတ် စုစုပေါင်း ၅၀ မှတ်
(ဂ) အထွေထွေဗဟုသုတ ၁၅ မှတ်
ရေးဖြေစာမေးပွဲ အောင်မြင်သူများစာရင်းကို ၁၂-၉-၂၀၁၉ (ကြာသပတေးနေ့) တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။
အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများသည် ၄-၉-၂၀၁၉ ရက်နေ့နှင့် ၅-၉-၂၀၁၉ ရက်နေ့ ရုံးချိန်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာ ဌာနတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကြိုတင်ထုတ်ယူရပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဌာန ဖုန်း ၀၁-၆၅၄၆၇၀၊ ၀၁-၆၅၄၆၈၁၊ ၀၁-၆၅၄၆၈၄ (လိုင်းခွဲ ၈၀၁၊ ၈၃၆) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။