ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖွင့်လှစ်မည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးခွဲတွင် ခန့်အပ်နိုင်ရေးအတွက် အောက်ဖော်ပြပါ ရာထူးနေရာများသို့ ယှဉ်တွဲပါ သတ်မှတ် ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
(က) ဦးစီးအရာရှိ – လစာနှုန်း ကျပ် ၂၇၅၀၀ဝိ/- (၁) ဦး
(ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ရန်)
(၁) အသက် (၄၀) နှစ်အောက် ဖြစ်ရမည်။
(၂) အစိုးရဌာနတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့် ပုဂ္ဂလိက ကုမ္ပဏီများတွင် လုပ်ကိုင်သူဖြစ်ပါက အစိုးရဌာနတွင် လုပ်ကိုင်ခဲ့သော လုပ်သက် နှင့် ပုဂ္ဂလိကကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သောလုပ်ငန်းအတွေ့အကြုံ စုစုပေါင်းအနည်းဆုံး (၅) နှစ်ရှိရမည်။
(ခ) အကြီးတန်းစာရေး – လစာနှုန်း ကျပ် ၁၉၈၀၀ဝိ/- (၁) ဦး
(ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ရန်)
(၁) အသက် (၂၀) နှစ်နှင့် (၃၀) နှစ်အကြားဖြစ်ရမည်။
(၂) ရုံးလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။
(ဂ) အငယ်တန်းစာရေး – လစာနှုန်း ကျပ် ၁၈၀၀၀ဝိ/- (၂) ဦး
(ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်ရန်)
(၁) အသက် (၂၀) နှစ်နှင့် (၃၀) နှစ်အကြား ဖြစ်ရမည်။
(ဃ) အထက်ပါ ရာထူးနေရာများသို့ ဝင်ရောက်လျှောက်ထားလိုသူများသည်-
(၁) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
(၂) မဟာဘွဲ့နှင့်အထက် ရရှိသူများကို ဦးစားပေးမည်။
(၃) အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်သူကို ဦးစားပေးမည်။
(၄) ရွေးချယ်ခံရပါက ကော်မရှင်က စေလွှတ်မည့် သင်တန်းများ တက်ရောက်နိုင် ရမည်ဖြစ်ပြီး ကော်မရှင်နှင့်အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆို နိုင်သူ ဖြစ်ရမည်။
(၅) ရုံးခွဲအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နေထိုင်သူ (သို့မဟုတ်) ရခိုင်ပြည်နယ် နေထိုင်နိုင်သူကို ဦးစားပေးရွေးချယ်ပါမည်။
(၆) ရခိုင်ပြည်နယ်အတွင်း ဒေသမရွေးခရီးသွားလာတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(၇) စစ်တွေမြို့တွင် ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်။
မှတ်ချက်။ (က) အထက်ဖော်ပြပါ အရည်အချင်းများနှင့် ကိုက်ညီသူများသည် အောက် ဖော်ပြပါ အထောက်အထားများ ပြည့်စုံစွာဖြင့် (၁၅-၂-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ရုံး၊ အမှတ် (၂၇) ၊ ပြည်လမ်း ၊ လှိုင်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးသို့ လူကိုယ်တိုင်ဖြစ်စေ၊ မှတ်ပုံတင်(အမြန်ချောပို့) စနစ်ဖြင့် ဖြစ်စေ ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။
- ကိုယ်တိုင်ရေးလျှောက်လွှာ (Curriculum Vitae (CV) Form ပူးတွဲလျက်)
- ဘွဲ့လက်မှတ်မိတ္တူ၊
- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
- အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်း(သို့မဟုတ်)၊ ပြန်တမ်းဝင်အရာရှိ (၁) ဦး (သို့မဟုတ်) အကြီးတန်းမန်နေဂျာ (သို့မဟုတ်) အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ထောက်ခံချက်၊
- အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
- အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံအထောက်အထားများ၊
- ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်တစ်ဦးဦး၏ ထောက်ခံချက်၊
(ခ) အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် – ၀၁- ၆၅၄၆၈၁ မှ ၆၅၄၆၈၄ Ext: ၈၀၁၊ ၈၃၆ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။