မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အလှူငွေပေးအပ်

       ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ လာသူများအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လှူဒါန်းငွေကျပ် ၁၅ သိန်းကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ ၂၅-၉-၂၀၁၇ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာလေနှင့် တာချီလိတ်မြို့များတွင် လူ့အခွင့်အရေ:အကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

ပြည်သူလူထုအတွင်း လူအခွင့်အရေးဆိုင်ရာ အသိပညာများကို ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ရည်ရွယ်၍  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့က လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်း ဆွေးနွေးပွဲ အခမ်း အနားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂: ၀၀ နာရီ အချိန်တွင် ရှမ်းပြည် နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ တပ်မတော် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ အရာခံ အကြပ်စစ်သည်များ၊ ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီး သီးမှပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၀၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကို မိုင်းဖြတ်၊ တာလေနှင့် တာချီလိတ်မြို့များတွင်လည်း ကျင်းပပြုလုပ်ခဲ့ရာ စက်တင်ဘာလ  ၁၂ ရက် နံနက်  ၉:၀၀ အချိန်တွင်  မိုင်းဖြတ်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲတွင်  စုစုပေါင်းအင်အား (၂၀၇) ဦး၊ ယင်းနေ့ နေ့လယ် ၁၃:၀၀ နာရီတွင် တာလေမြို့ အခြေခံပညာအထက်ကျောင်းခန်းမ၌ စုစုပေါင်းအင်အား (၂၂၀) ဦး  နှင့် စက်တင်ဘာလ  ၁၃ ရက် နံနက် ၉:၀၀ အချိန်တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ စုစုပေါင်း အင်အား (၃၃၁) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားခဲ့ပါသည်။

အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၇) ရက်နေ့မှ (၈) ရက်နေ့အထိ ကျင်းပသည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ နှင့် ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ဖိုရမ်၏အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများဖိုရမ်၏၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်မည့် မဟာဗျူဟာ လုပ်ငန်းစဉ်ကိစ္စရပ်မျာ၊ ရွှေ့ပြောင်း သွားလာမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များ အပါအဝင် လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပါသည်။

Senior Executive Officer (SEO) Network Meeting သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်ရုံး အကြီးအမှူး ပါဝင်တက်ရောက်

            မလေးရှားနိုင်ငံ၊ မီလာကာမြို့တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသည့် Asia Pacific Forum (APF) ၏ Senior Executive Officer (SEO) Network Meeting သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် ပါဝင်တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ Asia Pacific Forum (APF) အဖွဲ့ဝင် နိုင်ငံများရှိ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ရုံးအကြီးအမှူးများ ပါဝင်တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်မှု အတွေ့အကြုံများနှင့် နည်းလမ်းများ ဆွေးနွေးဖလှယ်ခြင်း၊ စီမံခန့်ခွဲမှုကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ ကြပါသည်။

Regional Conference on Democracy in South East Asia – Achievements, Challenges, and the Road Ahead သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်ပါဝင်တက်ရောက်ခြင်း

  မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် Kofi Annan Foundation’s Electoral Integrity Initiative တို့ပူးပေါင်း၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သည့် Regional Conference on Democracy in Southeast Asia – Achievements, Challenges, and the Road Ahead သို့ မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ ပါဝင်တက် ရောက် ခဲ့ပါသည်။

          အဆိုပါ Conference ကို အင်ဒိုနီးရှားနိုင်ငံ၏ ယခင်သမ္မတ Mr. Susilo Bambang Yudhoyono က အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီး အရှေ့တောင် အာရှဒေသ အတွင်း ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်မှုများ၊ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်လျှောက်လမ်းမည့်အစီအစဉ်များကို ပါဝင်တက်ရောက်ကြသူများက ဆွေးနွေးခဲ့ကြကာ ထိုင်းနိုင်ငံ၏ ယခင်နိုင်ငံခြားရေးဝန်ကြီး၊ ယခင်အာဆီယံအတွင်းရေးမှူးချုပ် Mr. Surin Pitsuwan က နိဂုံးချုပ်စကားပြောခဲ့ပါ သည်။