၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ Strengthening Human Rights and Peace Education in ASEAN/ Southeast Asia (SHAPE- SEA)၊ Institute of Human Rights and Peace Studies (IHPP), Mahidol University တို့ ပူးပေါင်း၍ Norwegian Centre for Human Rights ၏ ပံ့ပိုးကူညီမှုဖြင့် “လူ့အခွင့်အရေးဆိုင်ရာ ဥပဒေဘာသာရပ်ကို တက္ကသိုလ်တွင် သင်ကြားရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် Summit Parkview Hotel, Ballroom ၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး၊ Dr.Sriprapra Petcharamesree, Chair of (SHAPE- SEA) က အမှာစကားဆက်လက်ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ ဥပဒေပညာဌာနများရှိသော တက္ကသိုလ် (၁၈) ခုမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် လူ့အခွင့်အရေးသဘောတရား၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စပ်လျဉ်းသည့် နောက်ခံသမိုင်းကြောင်း၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးရာ အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ အခြေခံသဘော တရားနှင့် နောက်ခံသမိုင်းကြောင်း၊ လူ့အခွင့်အရေးဘာသာရပ် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး ဆိုင်ရာ လုပ်ဆောင်ချက်များ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည် ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ အခြေခံသဘောတရားနှင့် နောက်ခံသမိုင်းကြောင်း၊ မသန်စွမ်းသူ များ အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်၏ အခြေခံသဘောတရားနှင့် နောက် ခံသမိုင်းကြောင်း၊ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အမျိုးသမီးများ အား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၏ အခြေခံသဘောတရားနှင့် စာချုပ်ပါအခွင့်အရေးများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘော တူစာချုပ်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘော တူစာချုပ်ပါ အခွင့်အရေးနှင့် အခြေခံသဘောတရား၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်း၊ ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပြည်တွင်း လူ့အခွင့် အရေးကာကွယ် စောင့်ရှောက်ခြင်းအကြောင်းတို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။





