Justice Trust မှ အမှုဆောင်ဒါရိုက်တာ Mr.Rorger Normand၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ကိုအောင်နေပိုင်၊ Letpadan Justice Committee မှ ဦးထွန်းဦး၊ ဒေါ်ခင်ခင်ယုနှင့် National Network for Education Reform မှ ဒေါက်တာကျော်သူတို့သည် ၂၃-၁၂-၂၀၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးသို့လာရောက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်၊ ဒေါက်တာဒေါ်သန်းနွဲ့၊ ဒေါ်မြမြတို့နှင့်တွေ့ဆုံပြီး သာယာဝတီ အကျဉ်းထောင်တွင် (၉) လတာ ထိန်းသိမ်း ခံထားရသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်တောင်းဆို ဆန္ဒပြခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဝန်းရံပြည် သူများကို ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။