မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့တစ်ဖွဲ့သည် (၆-၁-၂၀၁၄) ရက်နေ့မှ (၈-၁-၂၀၁၄) ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နှင့် ကျောင်းကုန်းမြို့၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နှင့် မအူပင်ခရိုင် ပန်းတနော်မြို့များတွင် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မြို့ဖများ၊ အဖွဲ့အစည်းအသီးသီး မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဖွဲ့ဝင်များအဖြစ် ဦးစစ်မြိုင် အတွင်းရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် အဖွဲ့ဝင် ဦးတင်ညိုတို့မှ အဖွဲ့ဝင်များအဖြစ်လည်းကောင်း လိုက်ပါခဲ့ပါသည်။
အဆိုပါလူ့အခွင့်အရေးဆိုင်ရာ ရှင်းလင်းပွဲများတွင် ကော်မရှင်အဖွဲ့ဝင်များက အောက်ပါ အကြောင်းအရင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်-
(က) လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရများ ဦးစစ်မြိုင်( အတွင်းရေးမှူး)
(ခ) ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပေါ်ပေါက် ဦးခင်မောင်လေး(အဖွဲ့ဝင်)
လာပုံနှင့် ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များ
(ဂ) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဦးတင်ညို(အဖွဲ့ဝင်)
ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ
လူ့အခွင့်အရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများကို ၆-၁-၂၀၁၄ရက်နေ့ (၁၄:၀၀-၁၅:၃၀) နာရီက ပုသိမ်မြို့ မြို့တော်ခန်းမတွင်ကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို ရပ်မိရပ်ဖ (၃၀၅) ဦး တက်ရောက်ခဲ့ကြပါသည်။ အလားတူ ၇-၁-၂၀၁၄ရက်နေ့ (၀၈:၃၀-၁၀:၀၀)နာရီတွင် မြောင်းမြမြို့ မြရွှေဝါခန်းမတွင် ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ရပ်မိရပ်ဖ (၂၄၆)ဦး တက်ရောက် ခဲ့ပါသည်။ ၇-၁-၂၀၁၄ရက်နေ့ (၁၄:၀၀-၁၆:၃၀)နာရီတွင် ကျောင်းကုန်းမြို့ မြို့နယ်ထွေအုပ် ခန်းမတွင် ကျင်းပခဲ့သောဆွေးနွေးပွဲသို့ ရပ်မိရပ်ဖ (၂၀၆)ဦး တက်ရောက်ခဲ့ကြပြီး နောက်ဆုံး ရက်ဖြစ်သော ၈-၁-၂၀၁၄ ရက်နေ့ (၀၈:၁၅-၁၀:၁၅)အချိန်က ပန်းတနော်မြို့ မြို့နယ်ထွေအုပ် ခန်းမတွင် ကျင်းပခဲ့ရာ ရပ်မိရပ်ဖ (၂၆၂)ဦး တက်ရောက်ခဲ့ပါသည်။
မြို့နယ်များရှိ ရပ်မိရပ်ဖများ၏ မေးမြန်းဆွေးနွေးချက်များကို အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့သည် (၈-၁-၂၀၁၄) ရက်နေ့ (၁၀:၃၀)အချိန်တွင် ပန်းတနော်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။